စားပွဲထိုးကောင်မလေးကို နေ့တိုင်းအော်ငေါက်ခဲ့တဲ့အဖိုးကြီး ကွယ်လွန်သွားတဲ့အခါ

စားပွဲထိုးကောင်မလေးကို နေ့တိုင်းအော်ငေါက်ခဲ့တဲ့ အဖိုးကြီး ကွယ်လွန်သွားတဲ့အခါမှာတော့

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာသည်ဆိုတဲ့ စကားလေးဟာ ဒီဇာတ်လမ်းလေးနဲ့တော့ ကွက်တိကျနေမှာပါ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က The Luby ဆိုတဲ့ စားသောက်ဆိုင်လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ မလီနာဆိုတဲ့ စားပွဲထိုးကောင်မလေးဟာ အလွန်ကိုဖော်ရွေတဲ့ စားပွဲထိုးကောင်းလေး တစ်ယောက်ပါ။ စားသုံးသူတိုင်းကို အပြုံးလေးနဲ့ ၀န်ဆောင်မှုပေးပြီး စိတ်ထားကလည်း ကောင်းပါတယ်။

သူအပြုံးလေးနဲ့ ၀န်ဆောင်မှုပေးတဲ့အထဲမှာ ဝေါတာဆိုတဲ့ အသက် ၈၉ နှစ်အရွယ် လူ့ဂွစာအဖိုးကြီးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အဆိုပါ စားသောက်ဆိုင်ကို ၇ နှစ်နီးပါးခန့် ပုံမှန်လာရောက်ခဲ့ပြီး ၀န်ဆောင်မှုပေးတဲ့ အစားအသောက်တွေအပေါ်ကိုလည်း ဘယ်တော့မှ ကျေနပ်ဟန်မပြပါဘူး။ သူ့ရဲ့ငြူစူမှုတွေကို မလီနာကလွဲလို့ ဘယ်သူမှသည်းမခံနိုင်ပဲ မလီနာကတော့ သူ့ဘယ်လောက်ဆိုးဆိုး အမြဲတမ်းလိုလို အပြုံးလေးနဲ့ ၀န်ဆောင်မှုပေးပါတယ်။

သူတို့နှစ်ဦးကြားက အချိတ်အဆက်ဟာ ၇ နှစ်နီးပါးခန့်ကြမြင့်ခဲ့အပြီး တစ်နေ့မှာ အဖိုးကြီးဟာ စားသောက်ဆိုင်ဆီကို ဘယ်တော့မှ ပေါ်မလာတော့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ ရှေ့နေတစ်ဦးဟာ မလီနာဆီကို ပေါက်ချလာပါတယ်။ အဖိုးကြီးဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်းနဲ့ သူ့အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀ နဲ့ ကားတစ်စီး အမွေထားခဲ့ကြောင်း လာအကြောင်းကြားတာပါ။ မလီနာဟာ ဒီတစ်ခါမှတော့ မပြုံးနိုင်တော့ပဲ အရမ်းကို အံ့အားသင့်ခဲ့ရတာပါ။ ဘ၀မှာ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာဆိုတာ ဒီဇာတ်လမ်းလေးက ဖော်ကျူးနေပါတယ်။ အောက်ကဗီဒီယိုလေးလည်း ကြည့်ရှုနိုင်ပါတယ် :-)


NewerStories OlderStories Home

0 comments:

Post a Comment